Yangonpost onlinenews

ရန်ကုန်ပို့ကပြည်သူတွေကိုအလုပ်ကြွေးပြုနေပါတယ်

၂၀၀၈-၂၀၀၉ ခုနှစ်အတွင်း စစ်အစိုးရကို ဖြုတ်ချနိုင်ဘို့ လမ်းမရှိ

၂၀၀၈- ၂၀၀၉ ခုနှစ်အတွင်း မြန်မာနိုင်ငံမှာ နောက်ထပ် လူထုအုံကြွမှုတရပ်ဖြစ်ပြီး လက်ရှိ

စစ်အစိုးရကိုဖြုတ်ချနိုင်ဘို့ အလားအလာ မရှိသကဲ့သို့ ငြိမ်းချမ်းစွာ ဆန္ဒပြမှုကို စစ်တပ်က

အကြမ်းပတမ်း ဖြိုခွဲသည့်အရေးအခင်းမျိုး ထပ်ပေါ်သည့်တိုင် ပြည်ပအင်အားစုတရပ်ရပ်က

ဝင်ရောက်စွက်ဘက်ဘို့ အလားအလာလည်း မရှိကြောင်း ၂၀၀၈ ခု သြဂုတ်လထုတ် လန်ဒန်

အခြေစိုက် အီးအိုင်ယူမဂ္ဂဇင်းကြီးက သုံးသပ်ထားသည်။မကြာခင်က စစ်တပ်တွင်း အပြောင်းအလဲ

တွေကြောင့် အာဏာချိန်ခွင်လျှာ အပြောင်းအလဲ ဖြစ်လေမလား မှန်းဆခဲ့သော်လည်း ဗိုလ်ချုပ်မှူးကြီး

သန်းရွှေက ထိန်းချုပ်ထားနိုင်သည့်ပုံ ရှိနေပြီး ထိပ်ပိုင်း ဗိုလ်ချုပ်တွေကြား နားလည်မှု ရထားပုံလည်း

ပေါ်သည်ဟုပါ အီးအိုင်ယူ မဂ္ဂဇင်းက ယူဆသည်။အီးအိုင်ယူ၏ ၂၀၀၈-၂၀၀၉ မြန်မာ့နိုင်ငံရေး ခန့်မှန်း

ချက်အရ စစ်အစိုးရသည် အာဏာကို ဆက်လက်ချုပ်ကိုင်ထားဦးမည်ဟု မှတ်ချက်ပေးထားသည်။    ။

August 12, 2008 Posted by | ဆောင်းပါးများ | Leave a Comment

ှမမွှေးနိုင်တော့တဲ့ ညမွှေးပန်းကလေးများ

အောင်သက်ဝိုင်း/ရန်ကုန်

ရန်ကုန် – ပြည်လမ်းမ ဘေးတနေရာ၊ အင်းလျားကန်ဘောင်ရှေ့ တံတားဖြူ မှတ်တိုင်နားက မှုန်ပျပျ လမ်းမီးတိုင် အောက်မှာ အသက် ၁၆ နှစ်အရွယ် မိန်းကလေးတဦး တစုံတရာကို မျှော်လင့် စောင့်စားနေပါတယ်။ ည၈ နာရီ ကျော်ချိန်ဖြစ်လို့ လူအသွားအလာ နည်းပါး နေပေမယ့် မိန်းကလေးငယ်ကတော့ အကြောက်အလန့် ရှိပုံမရပါဘူး။

ဖွေးဆွတ်နေတဲ့အဖြူရောင် အင်္ကျီ၊ အနက်ရောင် စကတ်ကို ၀တ်ဆင်ထားတဲ့ ကောင်မလေးရဲ့ ပါးပြင်ထက်မှာသနပ်ခါး ပါးကွက်ကြီးနှစ်ခုကို ခပ်ထူထူ လိမ်းထားတယ်။ ညာဘက်လက်မှာ ချာလီထီး တချောင်းကိုင်ထားပြီး သူ့မျက်လုံးတွေ ကတော့ လမ်းမပေါ် ဖြတ်သန်း သွားလာနေတဲ့ မော်တော်ကားတိုင်းကို လှမ်းမျှော်ကြည့်နေပါတယ်။

လမ်းမပေါ်ကို မျှော်ငေးကြည့်နေတုန်း ရုတ်တရက် ဆိုသလို တက္ကစီအငှားယာဉ်တစီး ဟွန်းသံပေးရင်း သူ့နားမှာရပ်လိုက် တယ်။ ကားပေါ်က ခပ်၀၀ အမျိုးသားကြီးတဦး ဆင်းလာပြီး သူ့နားကို တိုးကပ်လာပေမယ့် ကောင်မလေးက စိုးရိမ် ထိတ်လန့်ဟန်မပြဘဲ ရဲတင်းစွာနဲ့ အမျိုးသားကြီးနားကို ချဉ်းကပ်သွားပါတယ်။

“တခါလျှော့ (လိင်ဆက်ဆံချိန်တနာရီနီးပါးခန့်ကို ဆိုလိုခြင်းဖြစ်သည်) ရင် ၄၅၀၀။ တညလုံးဆိုရင်တော့ ၁၅၀၀၀။ စိတ်တိုင်း ကျစေရမယ်။ စိတ်တိုင်းမကျရင် ငွေမပေးနဲ့။ လူနှစ်ယောက်ထိလက်ခံတယ်” လို့် ကောင်မလေးဆီက စကားသံ ကျယ်ကျယ် လောင်လောင် ထွက်ပေါ်လာချိန်မှာ ခပ်၀၀ အမျိုးသားက ခန္ဓာကိုယ် သိမ့်သိမ့်တုန်အောင် ရယ်မောရင်း ရီဝေတဲ့ မျက်လုံး တွေနဲ့ ကောင်မလေးကို စိုက်ကြည့်နေပါတယ်။

ခဏအကြာမှာ ကောင်မလေးရဲ့ ပုခုံးကို သူ့ညာလက်နဲ့သိုင်းဖက်လို့ တက္ကစီ ဆီ ခေါ်သွား တယ်။ အဲဒီနောက်မှာ တက္ကစီ ကားဟာ အရှိန်ပြင်းပြင်းနဲ့ ရန်ကုန်မြို့တွင်းနေရာတခုဆီ ဦးတည် ထွက်ခွာသွားပါတော့တယ်။ အဌားယာဉ်ပေါ်မှာ လိုက်ပါ သွားတဲ့ ကောင်မလေးကတော့ ညမွှေးပန်းလို့ အများခေါ်ကြ တဲ့ ဆယ်ကျော်သက်အရွယ် ပြည့်တန်ဆာမလေး တဦးပါပဲ။

စားဝတ်နေရေး အဆင်မပြေမှု၊ စီးပွားရေးကြပ်တည်းမှုတွေနဲ့ အလုပ်အကိုင် ရှားပါးမှု တွေကြောင့် ရန်ကုန်မြို့ရဲ့ လမ်းမကြီး တွေ၊ အချက်အချာကျ လမ်းဆုံလမ်းခွတွေ၊ ရုပ်ရှင်ရုံတွေ၊ ပန်းခြံနဲ့ ကားဂိတ်တွေမှာ လိင်ဖျော်ဖြေရေး လုပ်ငန်း လုပ်ကိုင် အသက်မွေး ၀မ်းကြောင်းပြုလာတဲ့ ဆယ်ကျော်သက်အရွယ် အမျိုးသမီးငယ်တွေ တနေ့တခြား တိုးပွားများပြားလာတာကို တွေ့ရှိနေရပါတယ်။

လိင်ဖျော်ဖြေရေးလုပ်ငန်းတွေနဲ့ အသက်မွေးဝမ်းကျောင်းကြတဲ့ ဆယ်ကျော်သက်အရွယ် မိန်းကလေးတွေကတော့ နယ်မြို့ တွေနဲ့ ရန်ကုန်မြို့ဆင်ခြေဖုံးရပ်ကွက်တွေက အများဆုံးဖြစ်ပြီး နာဂစ်မုန်တိုင်း မြန်မာနိုင်ငံကို ၀င်ရောက်တိုက်ခတ်ပြီးချိန် မှာတော့ လိင်ဖျော်ဖြေရေးလုပ်ငန်းတွေမှာ ၀င်ရောက်လုပ်ကိုင်တဲ့ ဆယ်ကျော်သက် မိန်းကလေးငယ် တွေနဲ့ အခြားအသက် အရွယ်စုံ အမျိုးသမီးတွေ အရေအတွက်အားဖြင့် ပိုပြီးများလာတယ်လို့ ရန်ကုန်မြို့ခံတွေကပြောပါတယ်။

ညနေ ၄ နာရီအချိန် ရန်ကုန်မြို့တော်ရဲ့အချက်အချာကျ ဗိုလ်ချုပ်အောင်ဆန်း လမ်းမကြီး ဘေးမှာရှိတဲ့ သွင် ရုပ်ရှင်ရုံအနီး ကနေ ကျနော် လမ်းလျှောက်သွားနေတုန်း “အကို ဘာလိုချင်လဲ ပြောကြည့်လေ။ ဒီမှာ အရွယ်စုံ ဆိုက်မျိုးစုံရှိတယ်။ ကြိုက်တာရွေးလို့ရတယ်။ အပြုအစုကောင်းတယ်” ဆိုတဲ့ စကားသံနဲ့အတူ အသက် ၄၅ နှစ်အရွယ် အမျိုးသမီးကြီးတဦး ချဉ်းကပ်လာတယ်။

အမျိုးသမီးကြီးရဲ့နောက်မှာအသက် ၁၅ နှစ်အရွယ်ကနေ အသက် ၃၀ ကျော်အရွယ်ထိ အမျိုးသမီး ၉ ဦးလောက် ကပ်လျက် လိုက်လာတယ်။ သူတို့တွေရဲ့မျက်လုံးတွေက ၀ါကျင်ကျင်အရောင်ပေါက်နေပြီး နှုတ်ခမ်းတွေမှာ အနီရောင်ရင့်ရင့် နှုတ်ခမ်းနီ တွေ ရဲပတောင်းခတ်လို့နေတယ်။

မျက်နှာ တွေက ချောင်ကျနေပြီး အသားအရေက မွဲခြောက်ခြောက် ရှိနေပေမယ့် သူတို့ အားလုံးက ကျနော့်ကို လျော့တိ လျော့ရဲ ဟန်ဆောင်အပြုံးတွေနဲ့ ကြိုဆိုနေလေရဲ့။ သူတို့ဆီက ဈေးခပ်ပေါပေါ ကုလားရေမွှေးနံ့က နှာခေါင်းထဲအရှိန်ပြင်ပြင်း တိုးဝှေ့ ၀င်လာတယ်။

အသားအရေ အဖြူရောင်သန်းပြီး အရပ် ၅ ပေကျော်နဲ့ ကြည့်ပျော်ရှုပျော်ရုပ်ရည်ရှိတဲ့ အသက် ၂၀ ကျော်အရွယ် မိန်းကလေး တဦးကို ရွေးချယ် ခေါ်ဆောင်ပြီး ရန်ကုန်မြို့ထဲ ဆိပ်ကမ်းသာ လမ်း အထက်ဘလောက် မှာရှိတဲ့ တည်းခိုခန်းတခုကို ရောက်ရှိချိန်မှာ ည ၈ နာရီ လောက်ဖြစ်နေပါပြီ်။ တည်းခိုခန်းက အထပ်မြင့် တိုက်တခုရဲ့ ဒုတိယထပ်မှာ ဖွင့်ထားပြီး အထဲဝင်လိုက်တာနဲ့ ကိုးပေပတ်လည် အခန်းကျဉ်း အခု ၃၀ လောက်တွေ့ရတယ်။

တချို့အခန်းတွေမှာ မှိန်ပျပျအနီရောင်မီးလုံးကလေးတွေ ထွန်းထားတာတွေ့ရပြီး တချို့အခန်းဝမှာတော့ အတွင်းခံပဲပါတဲ့ ကိုယ်လုံးတီးသာသာ ကောင်မလေးတွေ မတ်တပ်ရပ်ရင်း တစုံတဦးကို စောင့်ဆိုင်းနေဟန် မြင်တွေ့ရတယ်။ နိုင်ငံခြားရုပ်ရှင် ဇာတ်ကားတွေမှာပဲ မြင်ခဲ့ဖူးတဲ့ မြင်ကွင်းမျိုးပါ။

တည်းခိုခ အနေနဲ့ အခန်းတခန်းကို နာရီနဲ့ ငှားရင် တနာရီ ကျပ် ၂ ထောင် ကျသင့်မှာဖြစ်ပြီး တညလုံးငှားမယ် ဆိုရင်တော့ ကျပ် ၅၀၀၀ ပေးရမယ်လို့ တည်းခိုခန်း မန်နေဂျာက ပြောတယ်။

ငှားလို့ရတဲ့ အခန်း နံပါတ်၂၁ ရှိရာသွားဖို့ တခြားအခန်းတွေကို ဖြတ်သန်းသွားတဲ့အချိန်မှာ အခန်းကျဉ်း လေးတွေထဲက ညည်းသံသဲ့သဲ့ကြားရတယ်။ ဆေးလိပ်မီးခိုးငွေ့တွေ၊ အရက်နံ့၊ ဘီယာနံ့တွေနဲ့ အပေါစားရေမွှေးနံ့တွေ ထောင်းထောင်း ထလို့နေတယ်။

အခန်းထဲရောက်ချိန်မှာတော့ “ကျမက မိသားစု ၃ ဦး၊ အမေ၊ မောင်လေးနဲ့ ကျမ စုစုပေါင်း ၃ ယောက်ပေါ့။ အဖေက ဆုံးသွားတာကြာပြီ။ မိသားစုဝမ်းရေးအတွက် ကျမ ဒီအလုပ်ကို လုပ်နေတာ” လို့ ကောင်မလေးက လိုရင်းတိုရှင်း မိတ်ဆက် တယ်။ သူ့နာမည် မြဝေတဲ့။

အဲဒီကောင်မလေးက ကြည့်မြင်တိုင် ညဈေးနားက ရပ်ကွက်တခု မှာနေပြီး သူ့အမေကတော့ အသက် ၆၀ကျော် အရွယ် နာတာရှည် ရောဂါခံစားနေရတယ်၊ သူ့ မောင်လေးကတော့ ခြေတဘက် ကျုံလှီနေတဲ့ ပိုလီယို ရောဂါဝေဒနာရှင်လေးဖြစ် တယ်လို့ ရှင်းပြတယ်။

“အမေနဲ့ မောင်လေးအတွက် ဒီအလုပ်မှ မလုပ်ရင် ကျမ ဘယ်လိုမှ လုံလောက်တဲ့ ငွေရှာနိုင်မှာ မဟုတ်ဘူး။ တညကို အိမ်ကိုပြန်တဲ့ တက္ကစီခ နုတ်ပြီး အနည်းဆုံး ၁၀၀၀၀ လောက်ရမှတနေ့ စားဖို့နဲ့ အမေ့ဆေးဖိုး ကာမိတယ်” လို့ မြဝေက ပြောတယ်။

မြဝေဟာ လိင်ဖျော်ဖြေရေးလုပ်ငန်းမှာ အသက် ၁၇ နှစ်အရွယ်က စတင်ဝင်ရောက် လုပ်ကိုင်ခဲ့တာဖြစ်ပြီး အဲဒီအလုပ်မလုပ် ခင်က ကာရာအိုကေဆိုင်တွေနဲ့ အနှိပ်ခန်းတွေမှာ ၁ နှစ်ကျော် ကြာအောင် အလုပ်လုပ်ခဲ့ဖူးတယ်လို့ ဆိုပါတယ်။

“ကာရာအိုကေ ဆိုင်မှာ ၃ လလုပ်ဖူးတယ်။ အဓိကလုပ်ရတာက ဆိုင်မှာ သီချင်း လာဆိုရင် အရက်သောက်တဲ့ သူတွေဘေး မှာထိုင် အရက်ငှဲ့ပေး၊ သီချင်းကူဆိုပေးရတယ်။ ဧည့်သည်က သဘောကျရင် ဘောက်ဆူးပေးတယ်။ ဧည့်သည်သဘော ကျအောင် သူတို့ ဟိုကိုင် သည်ကိုင် လုပ်သမျှ ခံရတယ်” လို့ပြောပြတယ်။

ကာရာအိုကေဆိုင်မှာ အလုပ်လုပ်စဉ်က သူ တလ ကျပ် ၁၅၀၀၀ လစာရပြီး၊ ဧည့်သည်ကို ဖျော်ဖြေနေတဲ့ အချိန်မှာ တနာရီ ၄၀၀ ရတယ်လို့ သူကပြောပြတယ်။ ရတဲ့ ဘောက်ဆူးကို တော့ ဆိုင်နဲ့ သူ ငါးဆယ်ရာခိုင်နှုန်းဆီ ခွဲဝေယူရတယ်လို့ ဆိုပါတယ်။

“ဧည့်သည်တဦး ကာရာအိုကေဆိုင်မှာ အပန်းလာဖြေရင် ဆိုင်က တနာရီကို ကျပ် ၅၅၀၀ ကစပြီး ၁၅၀၀၀ ထိ ၀န်ဆောင်မှု အလိုက် ဈေးအမျိုးမျိုးယူတယ်။ ဧည့်သည်ကို ဖျော်ဖြေ ပေးရတဲ့ ကျမတို့ကတော့ ငွေနည်းနည်းပဲ ရတယ်။ တလ ကို ကျပ် ၆၀၀၀၀ လောက်ပဲရတော့ မိသားစုအတွက် ဘယ်လိုမှမလုံလောက်ဘူး။ အဲဒါနဲ့ ၀ါးတန်းလမ်းက အနှိပ်ခန်းတခုမှာ အလုပ် သွားလုပ်တယ်” လို့ မြဝေက စိတ်ရှည်လက်ရှည် ရှင်းပြတယ်။

ရန်ကုန်မြို့တော်ရဲ့အချက်အချာကျ လမ်းမတော်မြို့နယ်၊ ၀ါးတန်းလမ်းမှာရှိတဲ့ အနှိပ်ခန်းတခုမှာ ၀င်အလုပ်လုပ်လိုက် တာဟာ သူ့ဘ၀ရဲ့အချိုးအကွေ့ကြီးတခု ဖြစ်ပြီး လိင်ဖျော်ဖြေရေး လုပ်ငန်းအတွင်းကို ၀င်ရောက်မိစေတဲ့ ပထမဆုံး ခြေလှမ်း ဖြစ်တယ်လို့ မြဝေက ဆိုပါတယ်။

“အနှိပ်ခန်းမှာ အလုပ်ဝင်ပြီး ၂ ရက်လောက်ကြာတော့ အနှိပ်ခန်း ထောင်ထားတဲ့ မာမီက ညည်း အလုပ်တခု လုပ်ရမယ်၊ ငွေ ၃ သောင်းလောက်ရမယ် လို့ပြောပြီး ဟိုတယ်တခု ပို့ ပေးတယ်” လို့ သူ့ဘ၀ရဲ့ပထမဆုံး လိင်ဖျော်ဖြေမှုပေးခဲ့ရတဲ့ အဖြစ် အပျက်ကို ရှင်းပြတယ်။

မြဝေဟာ ဟိုတယ်မှာ အသက် ၄၀ ကျော်အရွယ် တရုတ်နိုင်ငံသားတဦးနဲ့ တညတာ လိင်ဆက်ဆံ ခဲ့ရပြီး အဲဒီညဟာ သူမ အတွက် ငရဲခန်းတခုကို ရောက်သွားသလို ခံစားရတယ်လို့ သူရဲ့ပထမဆုံး အတွေ့အကြုံကို မဲ့ပြုံးပြုံးရင်း ရှုင်းပြတယ်။

“ဟိုတယ်ရောက်တော့ တရုတ်တယောက်နဲ့ တွေ့ရတယ်။ သူပြောတာ ကျမနားမလည်၊ ကျမပြောတာ သူနားမလည်နဲ့ပေါ့။ ဆက်ဆံတဲ့ အချိန်ကျတော့ ပထမဆုံးဆိုတော့ အရမ်းနာတယ်။ ငိုပြီး တောင်းပန်တာ။ မရဘူး” လို့ မြဝေက ပြောတယ်။

သူမရဲ့ပထမဆုံးလိင်ဆက်ဆံဖက် တရုတ်အမျိုးသားဟာ သူ့ရဲ့လိင်အင်္ဂါကို ပုံမှန်မဟုတ်အောင် ပြုပြင်ထားတာကြောင့် အပျိုစင်တဦးဖြစ်တဲ့ မြဝေအဖို့ အသည်းခိုက်အောင် နာကျင်ခဲ့ရတယ် လို့ ဆိုပါတယ်။

“တိရစ္ဆာန်တကောင်လို ပုံစံမျိုးစုံနဲ့ ဆက်ဆံခံခဲ့ရတာ။ အဲဒီတရုတ်နဲ့ ဆက်ဆံပြီး ကျမ တပတ်လောက် ကောင်းကောင်း လမ်းမလျှောက်နိုင်ဘူး။ ဒါပေမယ့် အခုတော့လည်း ရိုးသွားပြီ” လို့ မြဝေက ရယ်ရယ်မောမောနဲ့ ကျနော့်ကိုပြောတယ်။

မြဝေနဲ့ကျနော် အခန်းကပြန်ထွက်လာချိန်မှာ ည ၁၁ နာရီတိတိရှိနေပြီ။ တည်းခိုခန်း ဧည့်ကြိုကောင်တာမှာ ငွေရှင်းနေတုန်း ရုတ်တရက် ၀တ်စုံပြည့် ၀တ်ဆင်ထားတဲ့ ရဲနှစ်ဦး တည်းခိုခန်းထဲ ၀င်လာတဲ့အတွက် ကျနော်ရော၊ မြဝေပါ ခေါင်းနပန်းကြီး စိုးရိမ်ထိတ်လန့် သွားတယ်။ ဒါပေမယ့် တည်းခိုခန်း မန်နေဂျာကတော့ ကြောက်ရွံ့ဟန် မပြတဲ့အပြင် ရဲတွေကို ဖော်ရွေတဲ့ အပြုံးနဲ့ ဆီးကြိုတာ တွေ့ရတယ်။

“ဆရာတို့ လာပါ။ ထိုင်ပါ” လို့ မန်နေဂျာကပြောပြီး တည်းခိုခန်း ဧည့်ကြို ကောင်တာဘေးက ပလတ်စတစ် ထိုင်ခုံတွေမှာ နေရာချထားပေးလိုက်တယ်။ ခဏအကြာမှာ မန်နေဂျာက ငွေစက္ကူတွေ ထည့်ထားဟန်ရှိတဲ့ ခပ်ထူထူ စာအိတ်ကြီးတလုံး ရဲတွေဆီကို လှမ်းပေး လိုက်တယ်။ အဲဒီနောက် ရဲနှစ်ဦးဟာ မန်နေဂျာကို နှုတ်ဆက်လို့ တည်းခိုခန်းထဲကနေ ထွက်ခွာ သွားပါတယ်။

“မစိုးရိမ်ပါနဲ့။ ကျနော့်အသိ ရဲတွေပါ” လို့ တည်းခိုခန်း မန်နေဂျာက ကျနော်နဲ့ မြဝေကို ပြောဆိုနှစ်သိမ့်တယ်။ တည်းခိုခန်းက အပြင်ကို ရောက်ရှိချိန်မှာတော့ ည ၁၁ နာရီ ၂၅ မိနစ်ရှိနေပါပြီ။

ရန်ကုန်မြို့တော်မှာ လိင်ဖျော်ဖြေရေးလုပ်ငန်း ဦးစားပေးလုပ်ကိုင်ကြတဲ့ တည်းခိုခန်း၊ ကာရာအိုကေဆိုင်၊ အနှိပ်ခန်းနဲ့ အလှပြင်ဆိုင်တွေ တနေ့တခြား တိုးပွားများပြား လာတာကို တွေ့နေရပါတယ်။ အထူးသဖြင့် တည်းခိုခန်း ဖွင့်လှစ် လုပ်ကိုင်သူတွေ အလွန်များပြား လာပါတယ်။

မရမ်းကုန်းမြို့နယ်၊ တာမွေမြို့နယ်၊ ကျောက်တံတား၊ ဗိုလ်တထောင်၊ မင်္ဂလာတောင်ညွန့်၊ လမ်းမတော်အပါအ၀င် မြို့တွင်း လူဦးရေထူထပ်တဲ့ မြို့နယ်ကစလို့ ရွှေပြည်သာ၊ အင်းစိန်၊ လှိုင်သာယာ၊ ဒဂုံမြို့သစ်လို မြို့ဆင်ခြေဖုံး နေရာတွေမှာ တည်းခိုခန်းတွေကို အရေအတွက် များများ တွေ့ရတယ်။

“အအေးခန်း တည်းခိုရိပ်သာ” ဆိုတဲ့ သဘောတရားက ရပ်ဝေးက လာတဲ့ ဧည့်သည်တွေ ခေတ္တ အဆင်ပြေတည်းခိုစေဖို့ ရည်ရွယ်ချက်နဲ့ ဖွင့်လှစ်လုပ်ကိုင်စေတာ ဆိုပေမယ့် ရန်ကုန်မြို့ရဲ့ တည်းခိုခန်းတွေက အဲဒီသဘောတရားကို ဖီလာ ဆန့်ကျင်လို့လိင်ဖျော်ဖြေရေး လုပ်ငန်းတွေ အဓိကလုပ်ကိုင်ရာ ဌာနကြီးတွေ ဖြစ်လာပါတယ်။

“တည်းခိုခန်း လိုင်စင်ရဖို့ စည်ပင်၊ ရဲနဲ့ နယ်မြေ မယက တွေရဲ့ ထောက်ခံချက်တွေ အများကြီး ယူရတယ်။ လွယ်လွယ်နဲ့ မရဘူး” လို့ အင်းစိန်မြို့နယ်က တည်းခိုခန်း ပိုင်ရှင်တဦးက ပြောတယ်။

တည်းခိုခန်း လိုင်စင်လွယ်လွယ်မရနိုင်ဘူး ဆိုပေမယ့် ရန်ကုန်မြို့မှာ “အအေးခန်း တည်းခိုရိပ်သာ”၊ “တည်းခိုရိပ်မွန်”၊ “ဧည့်ရိပ်သာစခန်း” စတဲ့ နာမည်ဆိုင်းဘုတ်တွေတပ်ပြီး ဖွင့်လှစ်ထားတဲ့ တည်းခိုခန်း ထောင်ပေါင်းများစွာ ရှိပါတယ်။ ဒီတည်းခိုတွေမှာ နေ့ရော၊ ညပါ လိင်ဖျော်ဖြေရေး လုပ်ကိုင်တဲ့ ဆယ်ကျော်သက်နဲ့ အရွယ်စုံ ပြည့်တန်ဆာတွေ အများအပြား ရနိုင်တယ်လို့ ရန်ကုန်မြို့ခံ လူငယ်တွေက ပြောပါတယ်။

“လိုင်းကြေးဆိုတာရှိတယ်။ တည်းခိုခန်းဖွင့်ထားတဲ့ မြို့နယ်ကိုလိုက်ပြီး လိုင်းကြေးက အနည်းဆုံး တလ ၃ သိန်းကနေ ၁၀ သိန်းထိရှိတယ်” လို့ တည်းခိုခန်းမှာ ၀င်ရောက် အလုပ်လုပ်ဖူးတဲ့ ရန်ကုန်မြို့သားလူငယ်တဦးက ပြောပြတယ်။

တည်းခိုခန်းတွေဟာ ဖွင့်လှစ်ထားတဲ့ သက်ဆိုင်ရာမြို့နယ် ရဲစခန်းတွေနဲ့ တိုက်ရိုက် အဆက်အသွယ်ရှိပြီး တကယ်လို့ တိုင်းရဲ တပ်ဖွဲ့ရဲ့ ရှောင်တခင်စစ်ဆေးမှုတွေ ရှိမယ်ဆိုရင် မြို့နယ်ရဲစခန်းတွေက အကြောင်းကြားပေးတာကြောင့် ပြည့်တန်ဆာတွေ ကြိုတင် ဖယ်ရှားကြတဲ့အတွက် ဖမ်းဆီးအရေးယူဖို့ ဆိုတာမဖြစ်နိုင်ဘူး လို့ အဲဒီလူငယ်ကဆိုတယ်။

“အောက်ခြေ မြို့နယ်ရဲနဲ့ အပိုင်ပေါင်းထားတော့ အထက်ကဘယ်လောက်ပဲ စစ်ဆေးရေးတွေ လုပ်လုပ် လွတ်ကြတာများ တယ်”လို့ လှိုင်သာယာ ဒဂုံဧရာအဝေးပြေး ၀န်းအနီးက ရွှေကောင်းကင် တည်းခိုခန်းမှာ အလုပ်လုပ်နေတဲ့ လူငယ်တဦးက ပြောပြတယ်။

တည်းခိုခန်းတွေဟာ အရွယ်စုံပြည့်တန်ဆာ အမျိုးသမီးတွေနဲ့ အဆက်အသွယ်ရှိပြီး တချို့တည်းခိုခန်း တွေကတော့ ကိုယ်ပိုင်ပြည့်တန်ဆာတွေ ထားကြတယ်လို့ တည်းခိုခန်း လုပ်ငန်းလုပ်ကိုင်နေတဲ့ စီးပွားရေးသမားတွေနဲ့ နီးစပ်သူတွေက ပြောပြတယ်။

“အများစုကတော့ ပစ္စည်းတွေ (ပြည့်တန်ဆာ) နဲ့ ချိတ်ဆက်ပြီး လုပ်ကြတာ။ အကောင်ကြီးကြီး (ရာထူးကြီးမားသည့် စစ်အရာရှိ၊ ရဲအရာရှိများ) တွေနဲ့ ပိုင်တဲ့ တည်းခိုခန်းတွေကတော့ ကိုယ်ပိုင် ပစ္စည်းတွေမွေးထားတယ်” လို့ လမ်းမတော်မြို့ နယ်အတွင်းမှာ တည်းခိုခန်း ဖွင့်လှစ်ထားတဲ့ စီးပွားရေးသမားတဦးနဲ့နီးစပ်သူ တဦးက ရှင်းပြတယ်။

လိင်ဖျော်ဖြေရေး အဓိကထားလုပ်ကိုင်နေကြတဲ့ တည်းခိုခန်းတွေဟာ တနေ့ကို ငွေ ကျပ် ၇ သိန်း ကျော်အမြတ်ရှိတယ်လို့ သိရပါတယ်။

“တည်းခိုခန်းရဲ့ဝန်ဆောင်မှုနဲ့ လုပ်နိုင်စွမ်းပေါ်မှာ မူတည်ပြီး အမြတ်က မတူဘူး။ သာမန် ပစ္စည်းတွေခေါ်ပေးပြီး အခန်းငှား တဲ့ တည်းခိုခန်းတခု ဆိုရင်တောင် အမြတ်ငွေ ၅ သိန်းနဲ့ ၇ သိန်းလောက် ၀င်ငွေရှိတယ်။ လုပ်ငန်းအကြီး (ကိုယ်ပိုင် ပြည့်တန်ဆာရှိပြီး အခန်း ၅၀ အထက်ရှိတဲ့ တည်းခိုခန်း)လုပ်နိုင်တဲ့ သူတွေရဲ့ အမြတ်ကတော့ ကျပ်သိန်း ဆယ်ဂဏန်း အထက်မှာရှိတယ်” လို့ ရန်ကုန်မြို့ခံ ကားပွဲစားတဦးက ဆိုပါတယ်။

တည်းခိုခန်းတွေလိုပဲ လိင်ဖျော်ဖြေရေးအဓိကထားလုပ်ကိုင်နေကြတဲ့ကာရာအိုကေ ဆိုင်တွေ၊ အနှိပ်ခန်းတွေ၊ အလှပြင်ဆိုင် တွေလည်း အမြတ်ငွေ တနေ့ သိန်းဆယ်ဂဏန်း အထက်မှာ ရှိတယ်လို့ အဲဒီကားပွဲစားက ရှင်းပြတယ်။

“နိုက်ကလပ်တွေ၊ ဘားတွေလည်း ပစ္စည်းတွေနဲ့ စီးပွားရှာရတာပဲ။ ဒါပေမယ့် ကလပ်နဲ့ ဘားကျတော့ လူကြီး သားသမီးတွေ နဲ့ ချမ်းသာတဲ့သူတွေပဲ အဓိကလာကြတယ်။ ရန်ကုန်မြို့မှာနိုက်ကလပ်နဲ့ ဘားတွေက လက်ချိုးရေလို့ရအောင် နည်းတယ်” လို့ ရန်ကုန်မြို့ရဲ့ နာမည်ကျော် ပိုင်အိုးနီးယားကလပ်က စားပွဲထိုး လူငယ်တဦးက ပြောပြတယ်။

ဆယ်ကျော်သက်အရွယ်အပါအဝင် အသက်အရွယ်မျိုး စုံပြည့်တန်ဆာတွေကို တည်းခိုခန်း၊ ကာရာအိုကေ၊ အလှပြင်ဆိုင်၊ နိုက်ကလပ်နဲ့ ဘားတွေမှာသာ မကရန်ကုန်မြို့တော်ရဲ့ လမ်းမကြီးတွေ၊ ပန်းခြံတွေ၊ ရုပ်ရှင်ရုံတွေ ကားဂိတ်တွေ၊ စားသောက်ဆိုင်တွေနဲ့ လူစည်ကားရာ ဈေးတွေမှာလည်း အလွယ်တကူ ရှာဖွေ တွေ့နိုင်တယ်လို့ ရန်ကုန်မြို့ခံ ကားပွဲစား တွေနဲ့ တက္ကစီအငှားယာဉ် ဒရိုင်ဘာတွေက ပြောပါတယ်။

“မြို့ထဲမှာဆိုရင် လမ်း၄၀၊ ပန်းဆိုးတန်း၊ သိမ်ကြီးဈေးတ၀ိုက်။ ပြီးတော့ ဗိုလ်ချုပ်ဈေးနဲ့ သွင်၊ ၀ဇီရာ၊ ဆုထူးပန်၊ မြို့မနဲ့ တခြားရုပ်ရှင်ရုံအောက်တွေမှာ နေ့ရောညပါ ဇယားတွေ (ပြည့်တန်ဆာတွေ) ရှိတယ်” လို့ အင်းစိန်မြို့နယ်မှာ နေထိုင်တဲ့ တက္ကစီ ဒရိုင်ဘာတဦးက ပြောပါတယ်။

ရန်ကုန်မြို့လမ်းမတွေနဲ့ လူစည်ကားရာ နေရာတွေမှာ တွေ့ရတဲ့ ပြည့်တန်ဆာတွေ ကတော့ ဆယ်ကျော်သက်အရွယ် မိန်းကလေးတွေ အများဆုံးဖြစ်ပြီး သူတို့တွေရဲ့ အသွင်အပြင်က ပြည့်တန်ဆာမှန်း မြင်ရုံနဲ့ သိနိုင်တယ်လို့ ဟံသာဝတီ ကားပွဲစား တန်းက ပွဲစားတဦးက ရှင်းပြတယ်။

သောင်းဂဏန်းချီရှိနေတဲ့ ရန်ကုန်မြို့လမ်းမတွေပေါ်က ပြည့်တန်ဆာတွေရဲ့ ဘ၀ကလည်း လွယ်ကူလှတာတော့ မဟုတ်ပါဘူး။ ဧည့်သည်ရဖို့ ကြိုးစားရင်း ရဲတွေရဲ့အဖမ်းအဆီးကို လွတ်အောင်ရှောင်ရတယ်လို့ ကမ္ဘာအေး ဘုရားလမ်း၊ မြကျွန်းသာပန်းခြံနားမှာ ပုံမှန် အလုပ်လုပ်လေ့ရှိတဲ့ အသက် ၂၀ ကျော်အမျိုးသမီးငယ်လေး တဦးက ပြောပြတယ်။

“ရဲကိုလည်း ရှောင်ရ၊ မူးရူးပြီးအုပ်စုလိုက် ငွေမပေးဘဲ ဆက်ဆံတဲ့ သူတွေလည်း ရှောင်ရတယ်။ အရှောင်မတတ်လို့ လွန်ခဲတဲ့ လက ကျမ ရဲဖမ်းခံရတယ်။ ငွေ ၇ သောင်း ပေးပြီးပြန်လွတ်လာတာ။ ငွေမပေးနိုင်တဲ့ ကျမ သူငယ်ချင်းတွေကတော့ ပုဒ်မ ၃ (ခ) ပြည့်တန်ဆာပုဒ်မနဲ့ ထောင်ဒဏ် တနှစ်ထိကျကုန်တယ်” လို့ အဲဒီအမျိုးသမီးက ဆိုပါတယ်။

ပြည့်တန်ဆာတွေဟာ ခုခံအားကျဆင်းမှုရောဂါအကြောင်း သိရှိနားလည်ကြပြီး ဧည့်သည်နဲ့ လိင်ဆက်ဆံတဲ့ အခါမှာ ကွန်ဒုံး အသုံးပြုခိုင်းတယ်လို့ ကျနော်မေးမြန်းခဲ့တဲ့ ပြည့်တန်ဆာ ၂၀ ကျော်ကပြောတယ်။

“ကွိုင်(ကွန်ဒုံး) သုံးခိုင်းတယ်။ ကွိုင်မသုံးရင် ကျမကတော့ မဆက်ဆံဘူး။ ဒါပေမယ့် တခါတလေ အရမ်းမူးနေတဲ့သူတွေ ဆိုရင် ပြောမရ ဆိုမရနဲ့ ဆက်ဆံခံရတာမျိုးကတော့ ခြွင်းချက်ပေါ့” လို့ အသက် ၂၇ နှစ်အရွယ် လှိုင်သာယာ မြို့နယ်က အမျိုးသမီးတဦးက ဆိုပါတယ်။

နာဂစ်မုန်တိုင်း တိုက်ခတ်ပြီးနောက်ပိုင်း ရန်ကုန်မြို့မှာ ဆယ်ကျော်သက် ပြည့်တန်ဆာ အမျိုးသမီးတွေ ပိုမို များပြားလာ တာကို တွေ့ရပြီး ဈေးလည်း ကျလာတယ်လို့ သူက ဆက်ပြောပါတယ်။

“အပြိုင်အဆိုင် ဧည့်သည်ရှာရတယ်။ အရင်တုန်းက တခါဆက်ဆံရင် ကျပ် ၄၅၀၀၊ ၅၀၀၀ အခုတော့ ၃၀၀၀ ဆိုရင်လည်း လိုက်ရတာပဲ။ အဲလိုမှမလိုက်ရင် အလုပ်မဖြစ်ဘူး။ တချို့ဆိုရင် ထမင်းကျွေးရင် တော်ပြီဆိုပြီး လိုက်တဲ့သူတွေတောင် ရှိနေတော့ ဈေုး အရမ်းကိုင်လို့မရဘူး” လို့ အဲဒီ အမျိုးသမီးကပြောပြပါတယ်။ http://believebefore.blogspot.com/

July 27, 2008 Posted by | ဆောင်းပါးများ | Leave a Comment

ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးတော့မယ်

ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးတော့မယ် ဆိုတဲ့ကိစ္စနဲ့ ပတ်သက်ပြီး မြန်မာနိုင်င်
ံခြားရေး ဝန်ကြီး ဦးဥာဏ်ဝင်းက ပြောတာတွေကို အာဆီယံအဖွဲ့ နိုင်ငံခြားရေး ဝန်ကြီးများ
အစည်းအဝေးရဲ့ ညစာစားပွဲမှာ စင်္ကာပူနိုင်ငံခြားရေးဝန်ကြီးက ထုတ်ဖော် ပြောဆိုပါတယ်။
မြန်မာဥပဒေမှာ ဒေါ်အောင်ဆန်းစုကြည်ကို အများဆုံး ထိန်းသိမ်းထားဖို့အတွက်
ပြည်ထဲရေး ဝန်ကြီးရဲ့ အတည်ပြုချက်က တနှစ်ဖြစ်ပြီး၊ ဝန်ကြီးချုပ်ရဲ့အတည်ပြုချက်က
(၅)နှစ် ဖြစ်ကြောင်း၊ (၆)နှစ်သက်တမ်းဟာ လာမယ့် (၆)လခန့်လောက်မှာ အဆုံးသတ်မှာ
ဖြစ်ကြောင်း ဦးဥာဏ်ဝင်း ပြောပြတာကို စင်္ကာကူ နိုင်ငံခြားရေးဝန်ကြီး Yeo က ကိုးကား
ပြောဆိုသွားပါတယ်။
ဒီအဓိပ္ပာယ်ဟာ ဒေါ်အောင်ဆန်းစုကြည်ကို (၆)လအကြာမှာ ပြန်လွှတ်ပေးမယ်လို့
ဆိုလိုသလားလို့ မေးတဲ့အခါမှာ Yeo က ဦးဥာဏ်ဝင်း ပြောတဲ့အတိုင်း ပြန်ပြောပြတာ ဖြစ်
ပြီး မတိကျ မရေရာတဲ့ ထင်မြင်သုံးသပ်ချက်လို့ သူထင်ကြောင်း ပြန်ဖြေသွားပါတယ်။
သိပ်မဝေးတဲ့ အနာဂတ်မှာ ငြိမ်းချမ်းစွာနဲ့ ဒီမိုကရေစီ အသွင်ပြောင်းရေးနဲ့ ၂ဝ၁ဝ
ခုနှစ် အထွေထွေ ရွေးကောက်ပွဲကို လွတ်လွတ်လပ်လပ် သမာသမတ်ရှိစေရေးအတွက်
မြန်မာအစိုးရက ရဲရဲဝံ့ဝံ့ လုပ်ဆောင်ဖို့ အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးတွေက လူသိရှင်
ကြား တရားဝင်ထုတ်ပြန်မယ့် ကြေညာချက် အကြမ်းမှာ တိုက်တွန်းထားပါတယ်။ မနက်ဖြန
် (၂၂-၇-၂ဝဝဂ)မှာ အဲဒီကြေညာချက်အကြမ်းကို အချောသတ်ပြီး ထုတ်ပြန်မှာ ဖြစ်ပါတယ်။

July 21, 2008 Posted by | ဆောင်းပါးများ | Leave a Comment

နာဂစ် မူုလတန်းဖတ်စာ….

တစ်နှစ်ကိုနာဂစ်
သုံးလေးလွတ်အောင်ပြေး
ငါးခြောက်ရေထဲရောက်
ခုနှစ်ရှစ်မသာဖြစ်
ကိုးဆယ်ဝတ်ကျွတ်တယ်…

ဘယ်ကလာလည်း
ဘယ်နယ်ကလဲ
အလယ်ကလူ
အသားဖြူ၏
ခင်ဗျားအလှူ
တစ်ပြားမရှူရ….

အစားအစာ ၀ါးစားပါ
အသားပါသလား
ငါးပါသလား
ဘီစကစ်ပါသလား
ဘာဘဲပါပါထားခဲ့ပါ…
ဟိုဘက်ကမ်းကဗိုက်ပိန်ပိန်
ဒီဘက်ကမ်းကဗိုက်ပိန်ပိန်
အမိုးအကာမဲ့နေတဲ့
မနှင်းတို့အိမ်…

ဖိုးရွှေကြီးဖိုးရွှေကြီး
အလွန်ယုတ်တဲ့ဖိုးရွှေကြီး
ဖိုးရွှေကြီးကမိုင်တိုင်ထူ
ခွေးအကြီးနဲ့တူ
တူပါသကွဲ့ မယုံငြား
ဒီမှာကြည်ပါလား….

အလောင်းလေးများဖွေးလို့စီ
မြစ်ရိုးတလျှောက်ဆီ
ရေပေါ်မှာဗိုက်ကြီဖောင်း
ငါတို့ဗူစီဖောင်း…

ဘဘ၀၀ထလို့က
ဘဘနိုင်ပြီဗျ
ကပါကပါဘဘရာ
ဘဘခေတ်လေဗျာ
မဲတွေကိုမှန်ပြ
ဘဘအကြံပိုင်သဗျ
သူများတွေမသာဖြစ်တာ
ဘဘမဆိုင်ပါ
မုန်တိုင်းတွေဘယ်လိုသဲသဲ
ဘဘနိုင်ဖို့ဘဲ
အနောက်နိုင်ငံကဖိအားရ
ဘဘစိတ်ဓာတ်ကျ
သူများအကူမယူခဲ့တာ
ဘဘစေတနာ
မလုပ်ပေးတာတစ်ခုကလွဲ
ဘဘသတိခဲ
နိုင်ခြားငွေမြင်သောအခါ
ဘဘစိတ်ပြောင်းလာ
အားရပါးရလာလှူကွဲ့
ဘဘအိတ်ထဲထည့်
ဘဘထပ်လို့က
ဘဘခိုင်ပြီဗျ
လုပါယက်ပါဘဘရာ
ဘဘခေတ်လေဗျာ
မြစ်ပြင်မှာအညှီတွေထ
ပုပ်ပုပ်ပွပွအနံ့အသက်ရ
ဘဘကတော့ဆက်လို့က
ဘဘဘယ်တော့မကလို့မ၀…..

တနင်္ဂနွေ၊တနလာင်္
ဗိုက်မှောက်မျှော်နေတာ
အဂါၤ၊ဗုဓဟူး
ရောက်လုတစ်ဦးဦး
ကြာသပတေး၊သောကြာ
ဘယ်သူမှပေါ်မလာ
စနေမှာသေချာသွား
ဘယ်သူမှမလာပါလား…

မုန်တိုင်းကိုစကူကပ်လို့
အကြံပက်ဆက်တို့ပေါ်တင်
ပုလင်ပေါ်ကမျောက်မူး
ဆင်းမလာတော့ဘူး
အာဏာရူး
အာဏာရူးကိုခွေးတွေယက်
အူသူတွေအစာလုကြ
ငါတို့ကိုဆွဲတွဲလဲ
တွဲလဲရယ်ငိုတိုင်း
မိုးတောင်ကမှိုင်း
မုန်တိုင်း…

July 5, 2008 Posted by | ဆောင်းပါးများ | Leave a Comment

ယနေ့ အန်တီစု အန်တီစု ၏ (၆၃) နှစ်မြောက်မွေးနေ့ အမြန်ဆုံး လွတ်မြောက်ပါစေ

အမျိုးသားဒီမိုကရေစီအဖွဲ့ ချူပ်မှ ယနေ့  ဒေါ်အောင်ဆန်းစုကြည်မွေးနေ့  အခမ်းအနားကို အကျဉ်းရုံးလုပ်တာဖြစ်ပေမယ့် ဘဲ ငှက်လွှတ်နေတဲ့အချိန်မှာ ကြံ့ ဖွတ်တွေရဲ့  ပထမ ဒိုင်နာကား ရောက်လာပြီး ၀င်ရိုက်တာဖြစ်ပါတယ်၊ နောက်ထပ် တစ်စီးထပ်ရောက်လာပြီး ဘာမှန်းမသိသော အထုပ်ကြီးတထုပ်အား အခမ်းအနားအား အပြင်မှ ရပ်ကြည့်နေကြသော လူအုပ်ကြားထဲ ပစ်ထည့်ပြီး လူတွေကို အလန့် တကြားဖြစ်စေကာ ရုန်းရင်းဆန်ခတ်ဖြစ်အောင် ဖန်တီးနှောင့်ယှက်ခဲ့ပါတယ်။
၎င်းအချိန်မှာ ကိုထွန်းမြင့်က ဗီဒီယိုကင်မရာကို ပစ်ချပြီးထားခဲ့ပေမယ့် ရိုးရိုး ကင်မရာ ပါသွားတယ် ပါတယ်။
အဲဒီအချိန်မှာ အဘဦးအောင်ရွှေမှ ရောက်ရှိလာပြီး လုံထိန်းရဲအုပ်အား ခေါ်မေးရာ လုံထိန်းရဲအုပ်မှ လက်အုပ်ချီပြီး သူတို.့မသ်ကြောင်း၊ ဘယ်သူတွေ လာဖမ်းတယ်ဆိုတာမသိကြောင်း ဗြောင်ညာကာ အခမ်းအနားအား ပြန်လုပ်လို့ ရကြောင်း ပြောပါတယ်။ရဲတွေက လမ်းတွေ ပြန်ဖွင့်ပေးပြီးနောက်၊ အဘဦးအောင်ရွှေက စောစောက ဖမ်းသွားတဲ့ သူ (၄) ယောက်ကို ပြန်လွှတ်ပေးဖို.ပြောပေမယ့်  အခုအချိန်ထိ ဘယ်သူမှ ပြန်မလွတ်သေးကြောင်း သိရှိရပါတယ်။
ရွှေဂုံတိုင်လမ်းကို ပိတ်ထားပါတယ်။ ရဲတွေ လုံထိန်းတွေက ပိတ်ထားပါတယ်။ ဘုရား အင်္ဂါထောင့်လက်ခြမ်းက လမ်းတွေကိုလည်း ပိတ်ဆို့ ထားပါတယ်။
ကံဖွတ် တွေကိုတင်ထားတဲ့ ဒိုင်နာကားသုံးစီး၊၀ိုင်ယာလက်ကား ၃ စီးနဲ့ စစ်ကားတွေကလည်း ၀ိုင်းရံထားပါတယ်။အဖွဲ့ ချုပ်ဝင် တွေက ရုံးရှေ့ မှာစုရုံးရောက်ရှိလာပြီ။ ဒေါ်အောင်ဆန်းစုကြည် ကျမ္မာပါစေဒေါ်အောင်ဆန်းစုကြည်ကိုလွှတ်ပေးစတဲ့ကြွေးကြော်သံတွေကိုတခဲနက်တိုင်လိုက်ကြပါတယ်။ရုံးရှေ့ မှာရောက်နှင့်နေပြီးဖြစ်တဲ့ ကြံဖွတ်တွေက အဖွဲ့ ချုပ်ဝင်ရဲဘော်တွေကို ဒလကြမ်းရိုက်နှက်ဖမ်းဆီးလိုက်ပါတယ်။
၁၉-၆-၀၈ ကြံ့ ဖွံ့  များ က nld အ ဖွဲ့  ၀င် များ အား မြေ နီ ဂုံး တွင် ၀ိုင်း ၀န်း ရိုက် နှက် နေ သည် ။ ယ ခု ၁၁း၃၀ နာ ရီ က ဖြစ် သည်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့  အိမ်ဝင်းနားမှ အစောင့်ရဲ နှစ်ဦးမှ လွဲပြီး အခြားမည်သူမှ မရှိပါ။ တိတ်ဆိတ်ငြိမ်သက်လျက်ရှိပါတယ်။
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အတွက် မွေးနေ့ ဆုတောင်းများထို့ အပြင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိခင်ဖြစ်သူ ဒေါ်ခင်ကြည် (ဗိုလ်ချူပ်အောင်ဆန်း၏ဖနီး) ရဲ့  အုတ်ဂူမှာလည်း နှင်းဆီအ၀ါရောင် အပွင့် (၆၄) ပွင့်ကို အမှတ်တရအဖြစ် ထားရှိခဲ့ပါတယ်။ယနေ့ မနက်က ရွှေတိဂုံဘုရားမှာ အန်အယ်ဒီအဖွဲ့ ဝင်တစ်ဦးဖြစ်တဲ့ ကိုမြင့်စိုးမှ ဒေါ်အောင်ဆန်းစုကြည်ရဲ့  မွေးနေ့  (၆၃) နှစ်ပြည့်ပြီး (၆၄) နှစ်ထဲဝင်တဲ့အထိမ်းအမှတ်အဖြစ် နှင်းဆီအ၀ါရောင် အပွင့် (၆၄) ပွင့်ကို ကပ်လှူပူဇော်ခဲ့ပါတယ်။

June 19, 2008 Posted by | ဆောင်းပါးများ | Leave a Comment

Follow

Get every new post delivered to your Inbox.