Yangonpost onlinenews

ရန်ကုန်ပို့ကပြည်သူတွေကိုအလုပ်ကြွေးပြုနေပါတယ်

ခိုးဆိုးလုယက်မှုတွေများလာ

၂၀၀၈ခုနှစ၊် စက်တင်ဘာလ၂၃ ရက်၊ ရန်ကုန်
အကျဉ်းသား၉၀၀၀ကျော်လွတ်ပြီးနောက်ရန်ကုန်တွင်ပြစ်မှုများပိုများလာကြောင်း
ရန်ကုန်မြို့ခံတစ်ဦးYAMGONPOST သို့ပြောသည်။
ရိုးရိုးအကျဉ်းသား၉၀၀၀နီးပါးလွတ်ပေးပြီးနောက်တစ်နေ့မြို့နယ်တော်တော်များများ
မှာလုယက်မှုတွေဖြစ်ပေါ်နေကြောင်း၂၄ရက်နေ့မြိုလယ်ခေါင်တွင်ကျောင်းဆရာမ
လေးတစ်ဦးကိုဓားထောက်လုယက်ရာပိုက်ဆံမရသဖြင့်ဓားဖြင့်ထိုးသွားကြောင်း
သိရသည်။ယင်းအပြင်နေခင်းဘက်အချိန်များတွင်တောင်ဖောက်ထွင်းခံရမှုတွေများ
လာကြောင်းသိရသည်။
လူဆိုးသူခိုးတွေကိုအများဆုံးလွတ်ပေးတော့ခိုးဆိုးလုယက်မှုတွေဖြစ်လာမှာပေါ့၊
စကတည်းကတိုင်းပြည်ရဲ့စီးပွားရေးကမကောင်းပါဘူးဆိုနေမှဒီလူတွေလွတ်တော့
ထွက်လာလဲဘာမှမလုပ်တက်တော့အရင်လိုလုပ်နေဦးမှာဘဲ  ဟုရှေ့ နေတစ်ဦးက
ဆိုသည်။
ယင်းကဲ့သို့ခိုးဆိုးလုယက်မှုတွေကိုမရေးတယူလိုက်လံစုံစမ်းပေးခြင်းမရှိဘူးလို့
ညဘက်တွင်ပိုက်ဆံရိုက်လုခံရ၍ရဲထံသွားတိုင်ကြားရာရဲကဒီအမှုလောက်နဲ့ရဲစ
ခန်းမလာနဲ့ဟုသာကေတနေသူကာရက့ရှင်ကဆိုသည်။          ။

September 28, 2008 Posted by | 5584 | Leave a Comment

မြို့တော်ခန်းမရှေ့တွင်း ဗုံးပေါက်ကွဲမှုဖြစ်ပွား

ယနေ့နံနက်၁၀ နာရီ ၄၅ မိနစ်ခန့်က မြို့တော်ခမ်းမရှေ့မဟာဗန္ဓုလမ်း ပန်းခြံဘေး

ကားမှတ်တိုင်တွင် ဗုံးပေါက်ကွဲမှု တခု ဖြစ်ပွားခဲ့သည် ။ ပန်းခြံ ခြံစည်းရိုး လဲကျ

သွားအထိ ပေါက်ကွဲခဲ့ပြီး လူ (၆) ဦး ဒဏ်ရာ ရရှိခဲ့သည်ဟုသိရသည်။မည်သည်

ဖွဲ့ ကဖောက်သည်ကိုခုထိမသိရသေးပေ။ဆက်လက်ဖော်ပြပါမည်။

YANGONPOST MEDIA

September 25, 2008 Posted by | 5584 | Leave a Comment

အကျဉ်းသား ၉၀၀၂ ဦးအား ပြစ်ဒဏ်ကျခံ နေရခြင်းမှ လွတ်ငြိမ်း သက်သာခွင့်ပေး

အကျဉ်းသား၉၀၀၂ ဦးအားပြစ်ဒဏ်ကျခံနေရခြင်းကို ရပ်စဲပေးလိုက်ပြီး သက်ဆိုင်ရာ
အကျဉ်းစခန်းအသီးသီးမှ ပြန်လည်စေလွှတ်လိုက်ကြောင်း ၂၀၀၈ခုနှစ် စက်တင်ဘာလ
၂၃ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာတွင်ဖော်ပြထားပါသည်။
ယင်းသို့အကျဉ်းသား၉၀၀၀ကျော်လွတ်ပေးလိုက်မှုအပေါ်နိုင်ငံရေးလေ့လာသူတစ်ဦးက
ဒီလိုလွတ်ပေးလိုက်တဲ့ထဲမှာနိုင်ငံရေးအကျဉ်းသား၇ယောက်ဘဲပါပါတယ်။ခိုးမှု၊လုမှုတွေ
နဲ့ပြစ်ဒဏ်ကျတဲ့သူတွေကျတော့၉၀၀၀နီးပါးလွတ်ပေးတယ်လေ။ဒါဟာအပြင်မှာလုမှုခိုးမှု
တွေများအောင်၊တိုင်းပြည်မငြိမ်အောင်လုပ်တာနဲ့အတူတူပါဘဲ  ဟုသုံးသပ်ပြသည်။     ။

September 23, 2008 Posted by | 5584 | Leave a Comment

လှည်းတန်းမှာ၄၅ဘတ်စ်ကားCNGပေါက်ကွဲမှုဖြစ်

ရန်ကုန်မြို့ လှည်းတန်းလမ်းဆုံအနီး ပြည်လမ်းမပေါ်မှာမှာ ဒီနေ့ စက်တင်ဘာ ၉ ရက်
နေ့ မနက် ၁၁ နာ၇ီခန့်ကပြေးဆွဲမောင်းနှင်လာတဲ့ ၄၅ လိုင်းဘတ်စ်ကားတစ်စီး ပြင်း
ထန်စွာပေါ်က်ကွဲလောင်ကျွမ်းခဲ့သည်ဟုသိရသည်။
၄၅ကားမီးလောင်မှုနဲကပတ်သတ်ပြီးမျက်မြင်တွေသူတစ်ဦးက
ကားပေါ်မှာခရီးသည်သုံးဦးယာဉ်နောက်လိုက်နဲ့ကာဆရာအပါအ၀င်ငါးဦးသာပါတယ်။
ကားကရှေ့ကမှန်တွေအားလုံးပွင့်သွားတယ်။အဲဒီနေရာကို ရောက်သွားတော့လိုင်းကား
က မီးလောင်နေတယ်။ တစီးလုံးနီးပါး မီးကျွမ်းနေတယ်။ ကားစပယ်ယာ ဒဏ်ရာတော်
တော်ရသွားတယ်။ သူ့ခြေထောက်တခုလုံး သွေးတွေ ချည်းပဲ။နောက်လူကြီးတစ်ယောက်
ခေါင်းမီးလောင်သွားပြီးအောက်ပိုင်းတွေဒဏ်ရာရသွားတယ်။ကားကမီးသတ်ကားတွေ
လာပြီး၁နာရီလောက်ထိမီးလောင်နေသးတယ်။ပေါက်ကွဲပြီးမကြာဘူးရဲတွေရောက်လာ
တယ်။
ဟုပြောသည်။
ကားမှာပျက်လို့ပြင်ပြီးအလာလှည်းတန်းမီးပွိုင့်မရောက်ခင်မှာစပြီးပေါက်ကွဲကြောင်းမှု
ဖြစ်ကြောင်း၊ကားမှာစီအင်ဂျီအိုးရှစ်လုံးပါဝင်ပြီးခုနှစ်လုံးပေါက်ကွဲသွားကြောင်း၊ပေါက်
ကွဲမှုအားမှာတော်တော်ပြင်းပြီးလည်းကောင်းပတ်ဝန်းကျင်ရှိအဆောက်အအုံများကို
ငလျင်လှုပ်သလိုတုန်လှုပ်သွားစေကြောင်းလှည်းတန်းပတ်ဝန်းကျင်နေထိုင်သူမျာက
ဆိုသည်။တချိုကလည်းဗုနးပေါက်ကွဲတာဖြစ်နိုင်သည်ဟုထင်ကြေးပေးကြသည်။တချို့
ကလည်းဗုးံပေါက်ကွဲသည်ဟုပြောနေကြသော်လည်းအာဏာပိုင်များကစီအင်ဂျီပေါက်
ကွဲသည်ဟုပြောဆိုကြသည်။
ကားပေါက်ကွဲမှုနှင့်ပတ်သတ်ပြီးလှုင်သာရာရှိလူတစ်ချို့အဖမ်းခံရသည်ဟုလည်းကြား
ရပြီးအတည်ပြုလို့မရသေးကြောင်းသိရသည်။

YANGONPOST MEDIA

September 9, 2008 Posted by | သတင်းများ | Leave a Comment

   

Follow

Get every new post delivered to your Inbox.